(曹润盛供稿)
ဒီချုပ်အစိုးရအဖွဲ့သစ်ကို ထောက်ခံအားပေးသည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီပထမပတ် နေပြည်တော်လာမည်
By ထက်အာကာကျော် on Monday, December 28, 2020 – 01:19
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယီတို့ ၂၀၁၉ ဒီဇင်ဘာ ၇ ရက်ကတွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ − သက်အောင်/အေအက်ဖ်ပီ)
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပြီး ငါးနှစ်သက်တမ်းထပ်မံ အာဏာရမည့် ဒီချုပ်အစိုးရအဖွဲ့ ကို ထောက်ခံအားပေးသည့်အနေ ဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီသည် လာမည့် ဇန်န ဝါရီ ပထမပတ်တွင် မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု နေပြည် တော်အခြေစိုက် အစိုးရအကြီး တန်းအရာရှိတစ်ဦးက အတည်ပြု သည်။
အထက်ပါ တရုတ်နိုင်ငံခြား ရေးဝန်ကြီးသည် ၂၀၁၆ တွင် ဒီချုပ်အစိုးရ စတင်အာဏာရစဉ် ကလည်း နေပြည်တော်သို့ ပထမ ဆုံးလာရောက်သည့် နိုင်ငံခြားသံတမန်တစ်ဦးဖြစ်ခဲ့ပြီး ယခုခရီးစဉ် သည်လည်း ယင်းကဲ့သို့ပင်ဖြစ် ကြောင်းနှင့် ၂၀၂၀ ဇန်နဝါရီတွင် နေပြည်တော်သို့ လာရောက်ခဲ့ သော တရုတ်သမ္မတစီကျင်းပင်၏ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ သည့်ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် အကောင်အထည်ဖော်ရေး အတွက်ဖြစ်ကြောင်း အထက်ပါ အကြီးတန်းအရာရှိက ဆိုသည်။
Local News | မယ်စကြဝဠာမြန်မာ ၂၀၂၀ဆုကို အလှမယ် သူဇာဝင့်လွင် ဆွတ်ခူး
တရုတ်နိုင်ငံတော်ကောင်စီ ဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ၏ အထက်ပါမြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် သံရုံးများက တရားဝင်ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။
အစိုးရအဖွဲ့အသစ်မတက်မီ နေပြည်တော် လာရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ခရီးစဉ်အတွင်း ယခင်ခရီးစဉ်များ ကဲ့သို့ပင် နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် သီးခြားစီတွေ့ဆုံဆွေး နွေးဖွယ်ရှိနေသည်။
‘‘အခု ကိုဗစ်-၁၉ ကပ်ဆိုက် နေချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်က ကာကွယ်ဆေး ဒီပလိုမေစီလည်း ထိပ်ဆုံးကပါ လိမ့်မယ်။ မြန်မာအတွက် တရုတ် ကိုဗစ်ကာကွယ်ဆေး ဘယ်လိုကူ ညီမယ်၊ ဘယ်လောက်ကူညီမယ် ဆိုတဲ့ ကြေညာချက်မျိုး သူ့ခရီးစဉ် မှာပါလာနိုင်တယ်။ ကာကွယ် ဆေးနဲ့ တစ်ပါတည်းပါလာမှာက တရုတ်ရပ်ဝန်းလမ်းကြောင်းအစီ အစဉ် (BRI)အောက်က ဒီCMEC စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ တိုက်တွန်းမှာပဲ။ ကျန်တဲ့ သံတမန်ရေးအရ ပူးပေါင်းဆောင် ရွက်ကြောင်းတွေ၊ ငြိမ်းချမ်းရေး၊ နယ်စပ်လုံခြုံတည်ငြိမ်ရေး၊ ဒေသ တွင်းပူးပေါင်း ဆောင်ရွက်ရေး အစရှိတာတွေလည်း မပါမဖြစ် ထုံးစံအတိုင်း ပါပါလိမ့်မယ်’’ ဟု မြန်မာ့ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးလေ့လာမှုအဖွဲ့ Burma Ocean and Land Dialogue (BOLD) ဒါရိုက်တာ မငြိမ်းငြိမ်း ပြည့်က ပြောသည်။
တရုတ်သည် မြန်မာအပေါ် စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် ပြည် တွင်း၊ ပြည်ပဇာတ်ခုံတွင် အသာ စီးရနေခြင်းမှာ အားလုံးအသိဖြစ် ပြီး တပ်မတော်နှင့် တရုတ်အစိုးရ အကြား ဆက်ဆံရေးသည် ယခင် ကဲ့သို့ ကောင်းမွန်သည့်အခြေအ နေမမြင်တွေ့ရဘဲ ဒေါ်အောင် ဆန်းစုကြည်ခေါင်းဆောင်သည့် မြန်မာအစိုးရနှင့် တရုတ်အစိုးရ အကြား ဆက်ဆံရေးမှာ နိုင်ငံ ရေး၊ စီးပွားရေး အကြောင်း ကြောင်းကြောင့် ပေါင်းသင်းရမှု (Marriage of Convenience)’ အနေအထားဖြစ်ကြောင်း မငြိမ်း ငြိမ်းပြည့်က ရှုမြင်သည်။
‘‘အခုလာမယ့်အစိုးရသက် တမ်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ကြားမှာ မြန်မာအစိုးရဆုံးဖြတ် ချက်ချရတော့မယ့် အခြေအနေ တွေလည်းရှိတယ်။ မြန်မာနိုင်ငံ က တရုတ်စီမံကိန်းကြီးတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းရှိ တော့ မြန်မာအစိုးရက ပြန်သုံး သပ်တာ၊ ဆိုင်းထားတာ၊ တခြား နည်းလမ်းရှာတာ စသဖြင့် လုပ် နေတယ်။ အထူးသဖြင့် ရွေး ကောက်ပွဲမတိုင်ခင် ဘာမှ ကြီး ကြီးမားမား ဆုံးဖြတ်ချက်ချ အကောင်အထည် မဖော်ခဲ့ဘူး။ ဖြစ်နိုင်ခြေလေ့လာတာတွေ၊ မူ အရ သဘောတူတာတွေပဲ လုပ် နေခဲ့တယ်။ ဒီအတောအတွင်း ဂျပန်စီမံကိန်း၊ ကိုရီးယားစီမံကိန်း တွေ ရှေ့တိုးသွားတာနဲ့ယှဉ်ကြည့် ရင် မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခု ရွေးကောက်ပွဲပြီး အစိုးရသစ် လက်ထက်မှာတော့ တရုတ်စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ အ ချိန်ဆွဲထားတာတွေကို ရင်ဆိုင်ရ တော့မယ်။ ပထဝီဝင်နိုင်ငံရေးနဲ့ နိုင်ငံတကာဇာတ်ခုံအခင်းအ ကျင်းကလည်း ပြီးခဲ့တဲ့သက်တမ်း ငါးနှစ်နဲ့ မတူတော့မယ့်အခြေအ နေဖြစ်လာတဲ့အတွက် မြန်မာ အစိုးရဟာလည်း နိုင်ငံခြားရေး ခြေစွမ်းပြရမယ့်အချိန်ဖြစ်လာပါ ပြီ’’ ဟု ၎င်းကဆိုသည်။
မြန်မာအစိုးရ တာဝန်ရှိသူ အချို့ကမူ မြန်မာ-တရုတ်နယ် စပ်တွင် တရုတ်နိုင်ငံက ခြံစည်းရိုး ခတ်နေခြင်းသည် အနောက်နိုင်ငံ များမှ မီဒီယာများရေးသားသကဲ့ သို့မဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ တရားမဝင်မူးယစ် ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူး မှု စသည့်ကိစ္စရပ်များကြောင့် လူနေထူထပ်သည့် နေရာများ တွင် ခြံစည်းရိုးခတ်နေခြင်းဖြစ် ကြောင်း ပြောသည်။ အဆိုပါ တရုတ်၏ ခြံစည်းရိုးခတ်နေခြင်း နှင့်ပတ်သက်၍ ဘေဂျ င်းနှင့် နေ ပြည်တော် ဗဟိုအစိုးရချင်းဆက် သွယ်မှုလည်းရှိကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ကိုတွေ့ရစဉ် (ဓာတ်ပုံ − သက်အောင်/အေအက်ဖ်ပီ)
သို့သော် နှစ်နိုင်ငံအကြား မတည်ဆောက်ရသည့် ဧရိယာ တွင် တရုတ်က တည်ဆောက်နေ ခြင်းမျိုးရှိသဖြင့် ကန့်ကွက်ခဲ့ သည့်ဖြစ်စဉ်များလည်းရှိကြောင်း အဆိုပါတာဝန်ရှိသူက ပြော သည်။ ခြံစည်းရိုးသည် အမြဲတမ်း အတွက် တည်ဆောက်နေခြင်းမျိုး မဟုတ်ဘဲ ယာယီအတွက်သာ ဖြစ်သည်ဟုလည်း အစိုးရတာဝန် ရှိသူအချို့က ယူဆထားသည်။
လက်ရှိအချိန်အထိ နှစ်နိုင်ငံအကြား ပြဿနာကြီးကြီးမားမား မရှိဘဲ အိမ်နီးချင်းကောင်းဆက်ဆံ ရေးရှိကာ ညှိနှိုင်းဆောင်ရွက်မှုများရှိကြောင်း ၎င်းတို့က ပြောသည်။
မစ္စတာဝမ်ယီသည် ဒီချုပ်၏ ပထမအစိုးရသက်တမ်းတွင် နေ ပြည်တော်သို့ လေးကြိမ်အထိလာ ရောက်ခဲ့ပြီး ၂၀၁၆ ဧပြီလဆန်း တွင် လာရောက်သော ခရီးစဉ် တွင် နိုင်ငံတော်သမ္မတဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးထိပ်တန်းတာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ ခဲ့သည်။
၂၀၁၇ တွင် နေပြည်တော်၌ကျင်းပသော အာရှ-ဥရောပထိပ်သီးအစည်းအဝေး (ASEM) သို့တက် ရောက်ရန် ဝမ်ယီ လာရောက်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ)သို့ သွားရောက် တရားမရင်ဆိုင်မီ မစ္စတာဝမ်ယီ နေပြည်တော်သို့ လာရောက်ခဲ့ သည်။
နောက်ဆုံးလာရောက်ခဲ့ သောခရီးစဉ်မှာ ၂၀၂၀ ဇန်နဝါရီ တွင် တရုတ်သမ္မတစီကျင်းပင်၏ မြန်မာနိုင်ငံခရီးစဉ်၌ လိုက်ပါခဲ့ ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ် တွင် တရုတ်-မြန်မာစီးပွားရေး စင်္ကြံထူထောင်ရေး၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန် မြို့သစ်စီမံကိန်းအကောင်အ ထည်ဖော်ရေးအပါအဝင် နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှုစာချွန်လွှာ၊ စာလွှာများ စုစုပေါင်း ၃၀ ခုကို လဲလှယ်ခဲ့သည်။
中国外交部长将于2021年元月笫一周访问內比都,以支持民盟政府
內比都的一位高级政府官员已经证,中国外交部长王毅先生将在2021年元月笫一周访问缅甸,以支持民盟政府,该政府在赢得2020年大选后再次获得五年任期。
这位高级官员说,自从民盟政府于2016年上任以来,中国外交部长是首位访问内比都的外交官,此次访问旨在加快势头落实中国国家主席习近平2020年元月访问內比都期间讨论的问题。
转载请注明:《7Day News | ဒီချုပ်အစိုးရအဖွဲ့သစ်ကို ထောက်ခံအားပေးသည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီပထမပတ် နေပြည်တော်လာမည်(中缅双语)》 复制链接
RSS